စပိန်ဘုရင် Felipe VI သည် ဝမ်ယိနှင့်တွေ့ဆုံ

(GMT+08:00)2024-02-20 14:39:00  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စပိန်ဘုရင် Felipe VI သည် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မက်ဒရစ်မြို့၌ တွေ့ဆုံခဲ့ကြောင်း China Media Groupမှ သတင်း အရသိရပါသည်။

Felipe VI က လွန်ခဲ့သည့် နှစ် ၅၀ အတွင်း စပိန်-တရုတ် ဆက်ဆံရေးသည် လျင်မြန်စွာ တိုး တက်ခဲ့ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးတက်ကောင်းမွန် လာ ကြောင်း၊ တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးသည် စပိန်၊ ဥရောပနှင့် ကမ္ဘာ့နိုင်ငံများအတွက် အရေးကြီးပြီး တရုတ်နိုင်ငံသည် နိုင်ငံကြီးအဖြစ် အပြုသဘော ဆောင်သော အကျိုးသက်ရောက်မှုများကို တစ်ဆင့်တိုးဖော်ဆောင်မည် ဖြစ်ပြီး မတည်ငြိမ် မှုများ နှင့် ပြည့်နှက်နေသောကမ္ဘာအတွက် တည်ငြိမ်မှုများကို ဆောင်ကြဉ်းပေးမည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်မှ ဘုရင်Felipe VI အား ရင်းနှီးစွာနှုတ်ခွန်း ဆက်စကား များကို တစ်ဆင့်ပြောကြားခဲ့သည်။ ၎င်းက တရုတ်-စပိန် ချစ်ကြည်ရေးကို အတူတကွ ဆက်ခံရန်၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများချိတ်ဆက်ခြင်းကိုတွန်းအားပေး ရန်၊ အပြန်အလှန် အကျိုးရှိစေ သော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည် ပုံမှန် တည်ငြိမ်စွာ တိုးတက်မှုကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။