စာသင်ကျောင်းတွင် ကျောင်းသူကျောင်းသားများ၏ မိုဘိုင်းဖုန်း အသုံးပြုမှု ဘက်စုံ ပိတ်ပင် ရန် ဗြိတိန် အစိုးရမှ လမ်းညွှန် အကြံပေးချက် ထုတ်ပြန်

(GMT+08:00)2024-02-20 16:40:39  

ယခုလ ၁၈ရက်နေ့တွင် ဗြိတိန် အစိုးရသည် လမ်းညွှန် အကြံပေးချက်ကို ထုတ်ပြန်ပြီး စာသင်ကျောင်းများတွင် ကျောင်းသူကျောင်းသားများ၏ မိုဘိုင်းဖုန်း အသုံးပြုမှု ဘက်စုံ ပိတ်ပင်ရန် အားပေးထောက်ခံကြောင်း ဖော်ပြခဲ့ပါသည်။ ဗြိတိန် ပညာရေး လောကမှ ပုဂ္ဂိုလ်များသည် ယင်းအကြံပေးချက် အပေါ် ကြိုဆိုကြောင်း၊ ယင်းဆောင်ရွက်ချက်သည် ကျောင်းသူကျောင်းသားများ၏ သင်ယူလေ့လာရေး ထိရောက်မှုကို တိုးမြှင့်ပြီး‌ စာသင် ကျောင်းတွင် ကျောင်းသူကျောင်းသားများ၏ အကျင့်စာရိတ္တကို ကောင်းမွန်လာစေမည် ဖြစ်ကြောင်း ယူဆကြပါသည်။