ဝမ်ယိသည် စပိန်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-02-20 16:40:14  

ဒေသ စံတော်ချိန် ယခုလ ၁၈ရက်နေ့တွင် တရုတ် နိုင်ငံခြား‌ရေး ဝန်ကြီး ဝမ်ယိသည် စပိန်နိုင်ငံ Córdoba၌ စပိန် နိုင်ငံခြားရေး ဝန်ကြီး Albaresနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂၀၂၃ခုနှစ်သည် တရုတ်နှင့် စပိန် နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံရေး ထားရှိ ခဲ့သည့် နှစ် ၅၀ပြည့်မြောက်သည့် နှစ်ဖြစ်ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ယိက တရုတ်နှင့် စပိန် နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက် ကူးလူးဆက်ဆံမှုကို အားဖြည့် ဆောင်ရွက်ပြီး အဆင့်မြင့် ကူးလူးဖလှယ်မှုကို ရင်းနှီးစွာ ပြုလုပ်ကာ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေ၍ လာမည့် နှစ်၅၀တွင် တရုတ်-စပိန် ဆက်ဆံမှုသည် ပိုမို ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။

Albaresက စပိန်သည် တံခါးဖွင့်မှုနှင့် လွတ်လပ်စွာ ကုန်သွယ်မှုကို အားပေးထောက်ခံ ကြောင်း၊ တရုတ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။