အနောက်နိုင်ငံများက "နှစ်ခုစလုံး ဆုံးရှုံးခြင်း" အတွက် စိုးရိမ်ပူပန် ဖြစ်နေရင် တရုတ်တိုက်တွန်းချက်ကို နားထောင်ပါ

(GMT+08:00)2024-02-20 14:42:00  

 ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အကြိမ် ၆၀ မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေးကို ကျင်းပပြီးစီးခဲ့ပါတယ်။ မြူးနစ် လုံခြုံရေး အစည်းအဝေးဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးမူဝါဒ ဖိုရမ်တစ်ခု ဖြစ်ပြီး အစည်းအဝေးမှာ အနောက်နိုင်ငံများ အထူးသဖြင့် ဥရောပနိုင်ငံများရဲ့ ကမ္ဘာ့လုံခြုံရေး အခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ အပေါ် အမြင်များကို စုစည်း သုံးသပ် ဖော်ပြထားပါတယ်။ အစည်းအဝေးမှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မြူးနစ် လုံခြုံရေး အစီရင်ခံစာဟာ "နှစ်ခုစလုံး ဆုံးရှုံးခြင်းလား" ဆိုတာကို ဆောင်ပုဒ် အဖြစ် ထားပြီး မကောင်းမြင်တဲ့ စိုးရိမ်ပူပန်မှု စိတ်နေစိတ်ထားတစ်မျိုးကို ပြသထားတယ်။

  မြူးနစ်အစည်းအဝေး ကျင်းပစဉ်အတွင်း သတင်းနှစ်ခု ပေါက်ကြားလာခဲ့တယ်။ ယခုနှစ်အတွင်း နေတိုး အဖွဲ့ဝင်နိုင်ငံ ၁၈ နိုင်ငံတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ အဲဒီနိုင်ငံတွေရဲ့ GDP ရဲ့ ၂ ရာခိုင်နှုန်းစီ ရှိကြမယ်။ ဥရောပသမဂ္ဂ ကော်မတီက တရုတ်နိုင်ငံ CRRC လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခု အပေါ် ထောက်ပံ့ကြေးပေးမှု ဆန့်ကျင်ရေး ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ ကြေညာခဲ့တယ်။ သူတို့ဟာ လုံခြုံမှုအတွက် စိုးရိမ်နေလို့ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကို အကြီးအကျယ် တိုးချဲ့ကြတယ်။ ယှဉ်ပြိုင်မှုမှာ မအောင်နိုင်ဘူးလို့ စိုးရိမ်နေလို့ အန္တရာယ် တားဆီးရေး အမည်နဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းကို ပြုလုပ်ကြတယ်။ အဲဒီလုပ်ရပ်တွေဟာ ကမ္ဘာကြီးကို ပိုမို မလုံခြုံစေမယ့် အပြင် ကိုယ့်ဟာကိုယ်လည်း တန်ပြန်မှုတွေ ကျိန်းသေ ခံရပါလိမ့်မယ်။

   ယခုနှစ် မြူနစ် လုံခြုံရေးအစည်းအဝေးမှာ တရုတ်နိုင်ငံက ကမ္ဘာကြီးအား ရှင်းလင်းပြတ်သားတဲ့ အချက်တွေကို ပြသပေးခဲ့ပါတယ်။ တရုတ်နိုင်ငံက နိုင်ငံကြီးများ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖို့ တည်ငြိမ်သောအင်အား၊ နိုင်ငံတကာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ တည်ငြိမ်သောအင်အား၊ နိုင်ငံတကာ စီမံခန့်ခွဲမှုကို တွန်းအားပေးဖို့ တည်ငြိမ်အင်အားနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့ တည်ငြိမ်အင်အား အဖြစ် ထမ်းဆောင်လိုကြောင်း ဖော်ပြခဲ့ပါတယ်။

   တရုတ်နိုင်ငံက လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်ကနေ ကမ္ဘာကြီးအား တည်ငြိမ်မှုများ ဆောင်ကြဉ်းပေးမှာ ဖြစ်ပြီး အနောက်နိုင်ငံများက "နှစ်ခုစလုံး ဆုံးရှုံးခြင်း" စိုးရိမ်ပူပန်မှုမှ ရုန်းထွက်လာဖို့အတွက် ကိုးကားစရာများ ဖန်တီးပေးနေတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။