ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00)2024-02-20 14:41:28  

 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။

   အစည်းအဝေးတွင် ရှီကျင့်ဖိန်က မက်ခရို မူဝါဒ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမို ထိရောက်စွာ ချိတ်ဆက်ထားသော မြေယာ စီမံခန့်ခွဲရေးစနစ်ကို တည်ဆောက်ပြီး ပိုမို ပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အရည်အသွေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သော ဒေသများအတွက် မြေယာများဆိုင်ရာ အာမခံပေး စွမ်းဆောင်မှု စွမ်းအားကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် လူမှုရေး အစိမ်းရောင် အဖြစ် အသွင်ကူးပြောင်းမှု တိုးမြှင့်ပေးခြင်းသည် သယံဇာတ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင် ဂေဟစနစ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် အခြေခံမူပင် ဖြစ်ပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အယူအဆကို စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဘက်အသီးသီးမှာ ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာနှင့် စီးပွားရေးကို နက်ရှိုင်းစွာ ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထင်ရှားသော ပြဿနာများကို ထိန်းချုပ် ဖြေရှင်းပေးရမည် ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် ဇောက်ချ ပြုလုပ်ကာ ဘက်စုံ ဆန်းသစ်တီထွင်ရေး အခြေခံစနစ်များကို ပိုမို လျင်မြန်စွာ တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။