နွေဦးပွဲတော် အားလပ်ရက်အတွင်း တရုတ်ပြည်တွင်းခရီးသွားလာမှု ၄၇၄ သန်း ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃၄.၃ ရာခိုင်နှုန်း တိုးများလာ

(GMT+08:00)2024-02-19 16:28:14  



တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဒေတာစင်တာမှ ဖော်ပြချက် အရ ၈ ရက်တာ နွေဦးပွဲတော် အားလပ်ရက် အတွင်း တရုတ် ပြည်တွင်း ခရီးသွား လာ မှု ၄၇၄ သန်း ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃၄.၃ ရာခိုင်နှုန်း တိုးများ လာ ကြောင်း၊ ၂၀၁၉ ခုနှစ် အလားတူအချိန်ပိုင်းကထက် ၁၉ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ပြည်တွင်းခရီးသွားများ သုံးစွဲမှုပမာဏမှာ စုစုပေါင်း တရုတ်ယွမ်ငွေ ၆၃၂.၆၈၇ ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၄၇.၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ၂၀၁၉ ခုနှစ် အလားတူအချိန်ပိုင်းကထက် ၇.၇ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ပြည်တွင်းပြည်ပ ခရီး သွားလာမှု ပမာဏမှာ ၆.၈၃ သန်းခန့်ရှိပြီး ၎င်းတို့အနက် ပြည်တွင်းမှ ပြည်ပသို့ ခရီးသွား လာမှု ပမာဏမှာ ၃.၆ သန်းရှိကာ ပြည်ပမှ ပြည်တွင်းသို့ ခရီးသွားလာမှု ပမာဏမှာ ၃.၂၃ သန်းခန့် ရှိကြောင်း သတင်းအရ သိရပါသည်။