Wang Xiaohong သည် အမေရိကန် နိုင်ငံတော်နယ်မြေလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mayorkas နှင့် တွေ့ဆုံ

(GMT+08:00)2024-02-19 16:21:42  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး Wang Xiaohong သည် ဗီယင်နာ၌ အမေရိကန် နိုင်ငံတော်နယ်မြေ လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး Mayorkas နှင့် တွေ့ဆုံခဲ့သည်။ နှစ်ဦးနှစ်ဖက်တို့သည် ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်သည့် နိုင်ငံ့ခေါင်းဆောင်များတွေ့ဆုံပွဲမှ ရရှိခဲ့သော သဘောတူညီချက်ကို အကောင်အထည်ဖော် ရေး၊ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက် မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ပြဿနာများ ဖြေရှင်းရေးတို့နှင့်ပတ်သက်၍ ပွင့်လင်း မြင်သာပြီး အပြု သဘောဆောင်သော ကူးလူးဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။