တရုတ် နိုင်ငံ၏ win-win ရှာကြံရေး သဘောထား ရပ်တည်ချက်သည် ကမ္ဘာ အတွက် တည်ငြိမ်ရေး အင်အားကို ဖော်ဆောင်ပေးမည်ဟု Munich လုံခြုံရေး ကွန်ဖရင့်သို့ တက်ရောက်သူများက ပြောကြား

(GMT+08:00)2024-02-19 16:25:08  

 ယခုလ ၁၆ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပခဲ့သော အကြိမ် ၆၀မြောက် Munich လုံခြုံရေး ကွန်ဖရင့်တွင် တရုတ် နိုင်ငံ၏ သဘောထား ဖော်ပြချက်သည် အာရုံစူးစိုက်မှုများ  ရရှိခဲ့ပါသည်။ နိုင်ငံ အသီးသီးတို့ အနေနှင့် win-winကို ရှာကြံသင့်သည်ဟု တရုတ် နိုင်ငံ၏ တိုက်တွန်းအားပေးချက်သည် မတည်မငြိမ် ဖြစ်နေသော ကမ္ဘာ အတွက် တည်ငြိမ်ရေး အင်အား ကို ဖော်ဆောင်ပေးမည် ဖြစ်၍ တရုတ် နိုင်ငံနှင့် ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှု ရင်ဆိုင်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရန် မျှော်လင့်ကြောင်း ကွန်ဖရင့်သို့ တက်ရောက်သူများက ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။