ရှပ်မင်-ကျင်းမင် ပင်လယ်ရပ်ဝန်း၌ ပုံမှန်တရားဥပဒေ စိုးမိုးရေး ကင်းလှည့်လှုပ်ရှားမှုကို ဆောင်ရွက်ရာတွင် တရုတ်ပြည်မကြီး ကမ်းခြေစောင့်တပ်အား ပြတ်သားစွာ ထောက်ခံသည် ဟု တရုတ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာရုံးက ဆို

(GMT+08:00)2024-02-19 16:33:14  

ရှပ်မင်-ကျင်းမင် ပင်လယ်ရပ်ဝန်း၌ ပုံမှန်တရားဥပဒေစိုးမိုးရေး ကင်းလှည့် လှုပ်ရှားမှုကို ဆောင်ရွက်ရန် ဖူကျန့်ပြည်နယ် ကမ်းခြေစောင့်တပ်ဗျူရိုသည် ပင်လယ်ပြင် တရားဥပဒေ စိုးမိုးရေးအင်အားကို တိုးဖြည့်မည် ဖြစ်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန်လျန်က ဖေဖော်ဝါရီလ ၁၄ရက်နေ့က ထိုင်ဝမ်ဘက်သည် တရုတ်ပြည်မကြီး၏ငါးဖမ်းလှေကို ရက်ရက်စက်စက် မောင်းထုတ်ခဲ့ သောကြောင့် တံငါသည် ၂ဦးသေဆုံးခဲ့ကြောင်း၊ လူ့အသက်ကို လျစ်လျူရှုပြီး ဆိုးဝါးတဲ့ သဘောထားကြောင့် တရုတ် ပြည်မကြီးမှ အလွှာပေါင်းစုံတို့၏ ဒေါသကို အပြင်းအထန်နှိုးဆွလိုက်ကာ ရေလက်ကြား နှစ်ဖက်ကမ်း ပြည်သူများ၏သံယောဇဉ်ကို ထိခိုက်၍ ရေလက်ကြားနှစ်ဖက်ကမ်း ဆက်ဆံရေးကို ထိခိုကစေကြောင်း၊ တရုတ်ပြည်မကြီး ကမ်းခြေစောင့်တပ်ဌာနမှ ပုံမှန် တရားဥပဒေ စိုးမိုးရေး ကင်းလှည့်လှုပ်ရှားမှုကို ဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာပင်လယ်ရပ်ဝန်း၌ ပုံမှန် စည်းစနစ်ကို ထိန်းသိမ်းရေး အတွက် အကျိုးရှိစေကာ တရုတ်ပြည်မကြီးမှတံငါသည်များ၏ အသက်နှင့်ပိုင်ဆိုင်မှုကို ကာကွယ်ပေးနိုင်ကြောင်း၊ မိမိတို့သည် ယင်းအပေါ် ခိုင်မာပြတ်သားစွာ ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။