ဝမ်ယိသည် ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Baerbockနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2024-02-19 16:25:55  

ဒေသ စံတော်ချိန် ယခုလ ၁၇ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် Munich လုံခြုံရေး ကွန်ဖရင့်သို့ တက်ရောက်စဉ် အတွင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Baerbockနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက လက်ရှိ ကမ္ဘာ့ အခြေအနေ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများကို ရင်ဆိုင်ရေးတွင် တရုတ်နှင့် ဂျာမနီ နှစ်နိုင်ငံတို့သည် နိုင်ငံကြီး နှစ်နိုင်ငံနှင့် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီး အင်ဂျင်များ ဖြစ်ကြသည့် အနေနှင့် ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထားပြီး အပြန်အလှန် သိရှိနားလည်မှုကို တိုးပွားစေကာ အပြန်အလှန် ယုံကြည်မှုကို ခိုင်မာစေ၍ အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်း ကာကွယ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာရေး တိုးမြှင့်ရန် အတွက် အကျိုးပြု စွမ်းဆောင်သင့် ကြောင်း ပြောကြားခဲ့ပါသည်။

    Baerbockက ဂျာမနီဘက်က တရုတ်နှင့် အတူ ဂျာမနီ-တရုတ် အစိုးရ ညှိနှိုင်းဆွေးနွေးမှု အကျိုးရလဒ်များကို ကောင်းမွန်စွာ လက်တွေ့ဖော်ဆောင်ပြီး ဒေသတွင်း ရေးရာ ညှိနှိုင်းဆွေးနွေးမှုကို ပြုလုပ်ကာ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ရေးနှင့် နိုင်ငံတကာ ကုန်သွယ်မှု လမ်းကြောင်း အဟန့်အတား မရှိအောင် အဆင်ပြေစေရေး စသည့် နယ်ပယ်များ တွင် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်လိုကြောင်း ပြောကြားခဲ့ပါသည်။