နဂါးနှစ် နွေဦးပွဲတော်သည် တရုတ်ပြည် စီးပွားရေး "အပူစီးကြောင်း"ကို ကမ္ဘာကြီးအား ခံစား စေခဲ့

(GMT+08:00)2024-02-19 16:29:12  

တရုတ်ပြည် နွေဦးပွဲတော် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပြည်တွင်း ခရီးသွား ဦးရေ ၄၇၄ သန်းရှိပြီး ခရီးသွား အသုံးစရိတ်သည် စုစုပေါင်း ယွမ် ၆၃၂.၆၈၇ ဘီလီယံ ရှိကာ ပြီးခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၃၄.၃ ရာခိုင်နှုန်းနှင့် ၄၇.၃ ရာခိုင်နှုန်း အသီးသီး တိုးများလာပါသည်။ တစ်ပြည်လုံးရှိ နယ်စပ်ဂိတ်များတွင် ပြည်ဝင်ပြည်ထွက်သူဦးရေ စုစုပေါင်း ၁၃.၅၁၇ သန်း ရှိပြီး နေ့စဉ် ပျမ်းမျှ ၁.၆၉ သန်း ရှိကာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၂.၈ ဆ တိုးလာပါသည်။ ရုံးပိတ်ရက်ရှည် ၈ ရက်အတွင်း ရုပ်ရှင်ရုံများ၏ ဝင်ငွေသည် ယွမ် သန်းပေါင်း ၈၀၀၀ ရှိပြီး စံချိန်သစ် တင်နိုင်ခဲ့သည်။ တရုတ်ပြည် နွေဦးပွဲတော် စားသုံးမှုဈေးကွက်များသည် ရေပူစီးကြောင်းလို ဟော့နေပါသည်။

   ယခုနှစ် နွေဦးပွဲတော်သည် ပထမဦးဆုံးသော ကုလသမဂ္ဂ ပွဲတော်အဖြစ် သတ်မှတ် ခံရသောပွဲတော် ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ လူဦးရေ ငါးပုံတစ်ပုံခန့်သည် အသွင်မျိုးစုံဖြင့် တရုတ် နွေဦးပွဲတော်ကို အတူဆင်နွှဲခဲ့ကြသည်။ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်၊ နယ်စပ် ဖြတ်ကျော် အဆင်ပြေစေရေးနှင့် လေကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်ရေး စသည့် မူဝါဒများ၏ ထောက်ခံမှုဖြင့် ပြည်ဝင်ပြည်ထွက် ခရီးသွားလုပ်ငန်းများသည် လျင်မြန်စွာ နာလန်ပြန်ထူလာပြီး တရုတ်ခရီးသည် အမြောက်အမြားက နိုင်ငံအသီးသီးသို့ ခရီးသွားကြကာ နိုင်ငံများစွာ၏ ခရီးသွားလုပ်ငန်းအတွက် အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးနေခဲ့သည်။

   ဗီဇာကင်းလွတ်ခွင့် ပြုထားသည့် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို ဥပမာ အဖြစ် ထားပြီး ပြောလျှင် နွေဦးပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း စင်ကာပူသွား လေယာဉ်လက်မှတ် အော်ဒါ၊ ကွာလာလမ်ပူသွား လေယာဉ်လက်မှတ် အော်ဒါနှင့် ဘန်ကောက်သွား လေယာဉ် လက်မှတ် အော်ဒါ ပမာဏများသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၉ ဆ၊ ၂၀ ဆနှင့် ၁၆ ဆ အသီးသီး တိုးလာခဲ့သည်။ သက်ဆိုင်ရာ စာရင်းအရ နွေဦးပွဲတော် ကာလအတွင်း တရုတ်ခရီးသည်များသည် တစ်ကမ္ဘာလုံးရှိ မြို့ ပေါင်း ၁၇၀၀ ကျော်သို့ သွားရောက် ခရီး လှည့်လည်ခဲ့ကြသည်။ နဂါးနှစ် နွေဦးပွဲတော်သည် တရုတ်ပြည် စီးပွားရေး "အပူစီးကြောင်း"ကို ကမ္ဘာကြီးအား ခံစားစေခဲ့သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။