တရုတ်နိုင်ငံသည် မတည်မငြိမ်ဖြစ်နေသောကမ္ဘာတွင် တည်ငြိမ်သောအင်အား အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဟု ဝမ်ယိဆို

(GMT+08:00)2024-02-18 14:57:17  

ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြူးနစ် လုံခြုံရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး "တရုတ်Session"တွင် "မတည်မငြိမ်ဖြစ်နေသောကမ္ဘာတွင် တည်ငြိမ်သောအင်အားအဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်မည်"ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဝမ်ယိက နိုင်ငံအသီးသီးတို့သည် အပြန်အလှန်အကျိုးရှိစေရေးကို အတူရှာကြံကာ ဘက်များစွာ ဆုံးရှုံးခြင်းကို ရှောင်ရှား ပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ကမ္ဘာကြီးအတွက် ပိုမို များပြားသော သေချာရေရာမှုများ ထည့်သွင်းပေး၍ လူသားများအတွက် ပိုမိုသာယာသောအနာဂတ်ကို ဖန်တီးပေးသင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက ၂၀၂၃ခုနှစ်ကို ပြန်ကြည့်လျှင် ကမ္ဘာကြီးသည် မတည်ငြိမ်မှုများနှင့် ပြည့်နှက်နေခဲ့ ပြီး လူသားများသည် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်ခဲ့ရ ကြောင်း၊ သို့သော်လည်း နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် တာဝန် ကျေပွန်စွာ ထမ်းဆောင်သော နိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် နိုင်ငံရေး မူဝါဒ၏ ဆက်တိုက်တည်ငြိမ်မှုကို အစဉ်တစိုက် ထိန်းထားပြီး မတည်မငြိမ်ဖြစ်နေသောကမ္ဘာတွင် တည်ငြိမ်သောအင်အား အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။