ရှီကျင့်ဖိန်သည် ၃၇ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုလွှာ ပေးပို့

(GMT+08:00)2024-02-18 15:00:20  

 ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၃၇ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုလွှာကို ပေးပို့ခဲ့ပါသည်။

  ယင်းဂုဏ်ပြုလွှာတွင် မျက်မှောက် ကမ္ဘာကြီးသည် ရာစုနှစ် ပြောင်းလဲမှုကြီးနှင့် ရင်ဆိုင် နေရပြီး တရုတ်နှင့် အာဖရိကနိုင်ငံများ ကိုယ်စားပြုသည့် ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်လာကာ ကမ္ဘာကြီး၏ သမိုင်းဖြစ်စဉ်ကို နက်ရှိုင်းစွာ အကျိုး သက်ရောက်နေကြောင်း၊ အာဖရိကသမဂ္ဂသည် ဂျီ-၂၀တွင် အောင်မြင်စွာ ပါဝင် ခဲ့ခြင်းသည် နိုင်ငံတကာ စီမံခန့်ခွဲရေးတွင် အာဖရိက၏ ကိုယ်စားပြုမှုနှင့် ပြောဆို ပိုင်ခွင့်ကို တစ်ဆင့်တိုး မြင့်တင်လာစေကာ တရုတ်နိုင်ငံက ယင်းအတွက် ထောမနာ ပြုပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အသစ်တစ်ကြိမ် တရုတ်နှင့် အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ကျင်းပမည် ဖြစ်ပြီး မိမိသည် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ နှစ်ဖက် ပြည်သူများအား အကျိုး ပြုခြင်းကို ရှေးရှုပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို သေချာ ရေးဆွဲ၍ အရည်အချင်းမြင့် တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို တိုးမြှင့် ပေးလိုပါကြောင်း ဖော်ပြထားပါသည်။