ဂါဇာဒေသ အလယ်ပိုင်းတွင် အစ္စရေး၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံး

(GMT+08:00)2024-02-18 15:01:08  

ဒေသစံတော်ချိန်  ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အစ္စရေးစစ်တပ်သည် ဂါဇာဒေသ အလယ်ပိုင်းရှိ ဒေသအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄၀ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ရုပ်မြင်သံကြားဌာနမှ သတင်းအရ သိရပါသည်။

အစ္စရေးစစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာများတွင် နူဆယ်ရက် ဒုက္ခသည်စခန်း၊ ဒယ်ဘယ်လာ နှင့် ဇာဝါအီဒါ တို့ ပါဝင်ကြောင်း ဂါဇာဒေသ၏ သတင်းရင်းမြစ်များမှ သတင်းအရ သိရပါသည်။ လက်ရှိအချိန်တွင် အဆောက်အအုံ အပျက်အစီးများအောက်တွင် နစ်မြုပ်နေသူ အများအပြား ရှိနေ သေးပြီး သေဆုံးဒဏ်ရာရရှိသူဦးရေ လည်း မြင့်တက်လာနိုင်ဖွယ်ရာရှိကြောင်း သတင်းအရ သိရပါသည်။