၁၄ကြိမ်မြောက် တရုတ်ပြည်လုံး ဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်လှစ်

(GMT+08:00)2024-02-18 14:58:35  

၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညတွင် အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟူလွင်ဘေရ် မြို့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲသည် ဘေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို ကျင်းပပြီးနောက် တရုတ်နိုင်ငံတွင် ကျင်းပသည့် ပထမဆုံး ပြည်လုံးဆိုင်ရာ အကြီးစား ဆောင်းရာသီ အားကစားပွဲ ဖြစ်ပါသည်။ ၎င်းသည် အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ပြည်လုံးဆိုင်ရာ အကြီးစား အားကစားပြိုင်ပွဲကို ပထမဆုံး အကြိမ် ကျင်းပခြင်းလည်း ဖြစ်သည်။ ယခုအကြိမ်ပြိုင်ပွဲတွင် စုစုပေါင်း ပြိုင်ပွဲစဉ်ကြီး ၈ခု၊ ပြိုင်ပွဲစဉ်ငယ် ၁၈၀ ကို ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားသမား ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။