ဝမ်ယိ သည် အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး မွန်ဒီနို နှင့် တွေ့ဆုံ

(GMT+08:00)2024-02-18 14:57:44  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်  မြူးနစ်လုံခြုံရေးညီလာခံ ကျင်းပစဉ်အတွင်း ဖိတ်ကြားချက်အရ အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး မွန်ဒီနိုနှင့် တွေ့ဆုံခဲ့သည်။

ဝမ်ယိက တရုတ်နိုင်ငံသည် အာဂျင်တီးနားပြည်သူများ၏ ရွေးချယ်မှုကို လေးစားပြီး အာဂျင်တီးနားသည် လက်ရှိ ယာယီအခက်အခဲများကို ကျော်လွှားနိုင်ကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရှင်သန်ရေးလမ်းကြောင်းကို အမြန်ဆုံး စတင်နိုင်မည် ဟု ယုံကြည်ကြောင်း၊  မိမိတို့အနေနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အနေအထားကို စွဲကိုင်ရန်၊ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်-အာဂျင်တီးနားဆက်ဆံရေးကို အဆင့်သစ်သို့ ပူးတွဲတွန်းအားပေးရန် အာဂျင်တီးနားနှင့် လက်တွဲ ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

မွန်ဒီနိုက တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား  ဝင်ရောက်စွက်ဖက်မှု မည်သည့်တုန်းကမှ မရှိခြင်းကို အာဂျင်တီးနား နိုင်ငံက တန်ဖိုးထားချီးကျူးပါကြောင်း၊တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူဝါဒကို ဆက်လက် ခိုင်မြဲစွာ စွဲကိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။