ဝမ်ယိ သည် Borrell နှင့် တွေ့ဆုံ

(GMT+08:00)2024-02-18 14:59:01  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြူးနစ် လုံခြုံရေး အစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း ဖိတ်ကြားချက်အရ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး ပေါ်လစီ အဆင့်မြင့် ကိုယ်စားလှယ် Josep Borrell နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက ကမ္ဘာ့အခြေအနေသည် အပြောင်းလဲကြီး ပြောင်းလဲနေပြီး မသေချာ မရေရာမှုများနှင့် မတည်ငြိမ်မှုများ သိသိသာသာ တိုးများလာကြောင်း၊ တရုတ်နှင့် အီးယူ နှစ်ဖက်တို့သည် ကမ္ဘာပေါ်တွင် တည်ငြိမ်သော အင်အားများအနေနှင့် စိန်ခေါ်မှုများကို ပူးတွဲ ရင်ဆိုင်သင့်ကြောင်း၊ နှစ်ဖက်တို့သည် အချင်းချင်း အဓိကကျသော အာရုံစိုက်မှုများကို အပြန်အလှန် လေးစားပြီး တရုတ်-အီးယူ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ရှေ့သို့ အဆက်မပြတ် ချီတက်ရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။

Borrell က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အားကျဖွယ်ကောင်းပြီး သမိုင်းရေစီး ကြောင်း၏ ယုတ္တိနှင့် ကိုက်ညီကြောင်း၊ အီးယူသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဖြစ်ကြောင်း၊ အီးယူသည် ဘက်စုံ ရေးရာများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ရာသီဥတု ပြောင်းလဲမှုအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သည်။