ဝမ်ယိသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Sejournet နှင့် တွေ့ဆုံ

(GMT+08:00)2024-02-18 14:58:08  

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြူးနစ်လုံခြုံရေး ညီလာခံသို့ တက်ရောက်စဉ်အတွင်း ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Sejournet နှင့် တွေ့ဆုံ ခဲ့ပါ သည်။

ဝမ်ယိက ကမ္ဘာ့သြဇာလွှမ်းမိုးမှုရှိသည့် လွတ်လပ်သော နိုင်ငံကြီးများအနေဖြင့် တရုတ်နှင့် ပြင်သစ်တို့သည် ဆွေးနွေးတိုင်ပင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး ငြိမ်းချမ်း တည်ငြိမ်သော တန်းတူညီမျှ စနစ်ကျသော multipolar ကမ္ဘာကို ဖန်တီးရန် အတူ ကြိုးပမ်း ကာ အပြုသဘောဆောင်သော သဘောထားဖြင့် တရုတ်-ပြင်သစ် ဆက်ဆံရေး၏ လာမည့် နှစ် ၆၀ ကို ဖွင့်လှစ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

Sejournet က ပြင်သစ်-တရုတ် သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၆၀ ပြည့်သည် အရေးကြီးသော အဓိပ္ပာယ် ရှိပြီး ပြင်သစ်နိုင်ငံအနေနှင့် ယင်းအခွင့်ကောင်းဖြင့် အဆင့်မြင့်ကူးလူးဆက်ဆံရေး တိုးမြှင့်ကာ စီးပွားကုန်သွယ်ရေး၊ လူမှုယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ စွမ်းအင်သစ်၊ ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လိုပါကြောင်း၊ ပြင်သစ်နိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ရန် ထပ်လောင်း ဖော်ပြပြီး မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်မှုကို ဆက်လက် စွဲကိုင်မည်ဖြစ်ကာ“ချိတ်ဆက်မှုဖြတ်တောက်ခြင်း”ကိုဆန့်ကျင်ကြောင်းပြောကြားခဲ့ပါသည်။