ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ

(GMT+08:00)2024-02-18 15:01:40  

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများ ပြီးမြောက်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

သက်ဆင်သည် ယခင်က ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရပြီး လက်ရှိတွင် ၆ လကျော် ကျခံ ခဲ့ပြီးဖြစ်သည်။ သူသည် ပြင်းထန်သောရောဂါကို ခံစားနေရပြီး အသက် ၇၀ ကျော်နေပြီဖြစ်ကာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သတ်မှတ်ချက်များနဲ့  ကိုက်ညီ သူလည်း ဖြစ်သည်။