ဝမ်ယိသည် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျိုလီနှင့် တွေ့ဆုံ

(GMT+08:00)2024-02-18 14:59:25  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဉီးဆောင်အဖွဲ့ကော်မတီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် မြူနစ် လုံခြုံရေး ညီလာခံ တက်ရောက်စဉ်အတွင်း ဖိတ်ကြားချက်အရ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဂျိုလီနှင့် တွေ့ဆုံ ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက တရုတ်-ကနေဒါ ဆက်ဆံရေးတိုးတက်မှုကို တွန်းအားပေးခြင်းသည် နှစ်နိုင်ငံ ၏ အရင်းခံ အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ တရုတ်နှင့် ကနေဒါတို့သည် စနစ်၊ သမိုင်း နှင့် ယဉ်ကျေးမှုများ မတူညီကြောင်း၊  နှစ်ဖက်တို့သည် အပြန်အလှန် လေးစားပြီး ကိုးကားသင်ယူကာ သဘောတူညီမှုများကို တိုးချဲ့ပြီး  အပြန် အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှုကို အကောင်အထည်ဖော်သင့်ကြောင်း ပြောကြားခဲ့သည်။

ဂျိုလီက တရုတ်နိုင်ငံနှင့်အတူကြိုးစားပြီး အခက်အခဲများကို ကျော်လွှားကာ ယုံကြည်မှု တည်ဆောက်ပြီး ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိမှု၊အများ ပြည်သူ့ ကျန်းမာရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ပြီး လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်းကို တွန်းအား ပေးလိုပါကြောင်း၊ ကနေဒါသည် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူဝါဒကို ဆက်လက် ကျင့်သုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။