အမေရိကန်သမ္မတဟောင်း ထရန့် သည် ၎င်း၏ပိုင်ဆိုင်မှုကို ပုံကြီးချဲ့ ပြောသဖြင့် လိမ်လည်မှု ပြစ်မှုမြောက်၍ ဒေါ်လာ သန်း ၃၅၀ ကျော် ဒဏ်ရိုက်ခံ ရ

(GMT+08:00)2024-02-17 14:57:28  

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် Bloomberg ၏ ဖော်ပြချက်အရ အမေရိကန်သမ္မတဟောင်း ထရန့် သည် ၎င်း၏ ပိုင်ဆိုင်မှုကို ပုံကြီးချဲ့ ပြောသဖြင့် လိမ်လည်မှု ပြစ်မှုမြောက်၍ တရား သူကြီးက ထရန့်ကို ဒေါ်လာ သန်း ၃၅၀ ကျော် ဒဏ်ရိုက်ပြီး နယူးယောက် အိမ်ခြံမြေ လုပ် ငန်းတွင်ပါဝင်မှုကို ထာဝရပိတ်ပင်ကာ ယင်းပြည်နယ်အတွင်း ၎င်း၏စီးပွားရေး လုပ် ဆောင် နိုင်စွမ်းကို အတိုင်းအတာကြီးမားစွာ ကန့်သတ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ ထို့အပြင် တရား သူကြီးသည် ထရန့်၏ သားနှစ်ဦးကိုလည်း ၅နှစ်အတွင်း ယင်းလုပ်ငန်းအတွင်း ပါဝင်မှုကို ပိတ်ပင်ရန် စီရင်ဆုံးဖြတ်ခဲ့ကြောင်း  သတင်းအရ သိရှိ ရ သည်။