Qiongzhou ရေလက်ကြားတွင် ကျွန်းမှထွက်ခွာသည့် ကားပမာဏ အမြင့်ဆုံး ရောက်ရှိ၊ Haikou မြို့ရှိ "ဆိပ်ကမ်းသုံးခု" တွင် ထွက်ခွာသည့် ကားများဖြင့် ပြည့်နှက်နေ

(GMT+08:00)2024-02-17 14:55:56  

    နွေဦးပွဲတော် ရုံးပိတ်ရက်ရှည် ကုန်ဆုံးတော့မည်ဖြစ်၍ Qiongzhou ရေလက်ကြားတွင် ကျွန်းမှ ထွက်ခွာသည့် ကားပမာဏ သည် အမြင့်ဆုံး သို့ ရောက်နေပါပြီ။ ဖေဖော်ဝါရီလ ၁၆ရက်နေ့ နံနက်ပိုင်းတွင် မြူ ထူထပ်မှုကြောင့် သင်္ဘောများရပ်နား ထားရပြီး သင်္ဘော ပြန်လည်ထွက်ခွာချိန် ၅ နာရီကျော်ကြာ လိုသေးသဖြင့် Haikouမြို့၏ "ဆိပ်ကမ်းသုံးခု " (Xinhai ဆိပ်ကမ်း၊ Xiuying ဆိမ်ကမ်းနှင့် မီးရထားလမ်း တောင်ဘက် ဆိပ်ကမ်း) တွင် ယာဉ်အစီးရေ ၄၇၀၀ ခန့် သည် သင်္ဘောထွက်ခွာချိန်ကို စောင့်ဆိုင်းလျက် ရှိသည်။ ၁၆ရက် နေ့ ညနေ၃နာရီအထိ ကျွန်းမှထွက်ခွာရန် စီစဉ်ထားသော ကားအစီးရေ ၁၉ ၀၀၀ ခန့်ရှိပြီး ၈၅၀၀ခန့်သည်  ကျွန်းမှထွက်ခွာပြီးဖြစ်ကာ  ကားအစီးရေ ၁၀၅၀၀ခန့် သည် ထွက်ခွာရန် စောင့်ဆိုင်းလျက် ရှိကြောင်း သတင်းအရ  သိရသည်။