တပ်ဖွဲ့ကို ဤနေရာမှ ဆုတ်ခွာရန် ယူကရိန်းစစ်တပ်က ရုတ်တရက်ကြေညာ

(GMT+08:00)2024-02-17 14:59:44  

 ရုရှားနှင့် ယူကရိန်းမီဒီယာများ၏ သတင်းအရ ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ယူကရိန်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Serski သည် ယူကရိန်းတပ်များကို Donetsk ဒေသရှိ အဓိကမြို့ဖြစ်သော Avdeyevka မှ  ဆုတ်ခွာရန် ဆုံးဖြတ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

 ယင်းသည် ဝိုင်းရံခံရခြင်းမှ ရှောင်ရှားရန်နှင့် စစ်သားများ၏ အသက်ကို ကာကွယ်ရန် အတွက်  ဖြစ်ပြီး တပ်ဖွဲ့များကို ပိုသင့်လျော်သော နေရာသို့ ရွှေ့ပြောင်းမည် ဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။