ရုရှားသည် ယူကရိန်း စစ်ရေး စက်မှုလုပ်ငန်းရုံများကို တိုက်ခိုက်ဟု ပြောကြား၊ ယူကရိန်းက ရုရှားသည် အာဖ်ဂျယ်ယဲဗ်ကာကို ဝိုင်းဝန်းရန် ကြံစည်နေဟု ပြောကြား

(GMT+08:00)2024-02-17 15:00:53  

ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ယခုလ ၁၅ရက်နေ့တွင် ရုရှား စစ်တပ်သည် တိကျမှုမြင့်မားသော လက်နက်များဖြင့် ယူကရိန်း စစ်ရေး စက်မှုလုပ်ငန်းရုံကို တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှား လေထီးတပ်သည် Dnieperညာဘက်ကမ်းခြေရှိ ယူကရိန်း တပ်ဖွဲ့၏ မော်တာ၊ ဒရုန်းများ ထိန်းချုပ်သည့် နေရာနှင့် ခဲယမ်းမီးကျောက် ဂိုဒေါင်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ထိုနေ့က ပြောကြားခဲ့ပါသည်။

ယူကရိန်းစစ်တပ်က ၁၆ရက်နေ့က Donetsဒေသရှိ ဗျူဟာကျသော အာဖ်ဂျယ်ယဲဗ်ကာ မြို့တွင် ရုရှား တပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို တွန်းလှန် တိုက်ဖျက်ပစ်ခဲ့ကြောင်း ထိုနေ့က ပြောကြားခဲ့ပါသည်။ ယူကရိန်းဘက်က ရုရှား စစ်တပ်သည် အာဖ်ဂျယ်ယဲဗ်ကာ မြို့ကို ဝိုင်းဝန်းရန် ကြံစည်နေကြောင်း၊ ယူကရိန်း တပ်ဖွဲ့သည် စီစဉ်ထားသည့် အတိုင်း အားဖြည့်ထောက်ကူနေကြောင်း ပြောကြားခဲ့ပါသည်။ အာဖ်ဂျယ်ယဲဗ်ကာတွင် အခြေအနေ တင်းမာခက်ခဲနေသော်လည်း ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ယူကရိန်း စစ်အရာရှိ၏ ပြောဆိုချက်ကို ကိုးကား၍ ယူကရိန်း အမျိုးသား သတင်းဌာနက ရေးသား ဖော်ပြထား ပါသည်။