C919 လေယာဉ်တစ်စင်းသည် စင်ကာပူသို့ ရောက်ရှိပြီး ၂၀၂၄ ခုနှစ် စင်ကာပူ လေကြောင်းပြပွဲတွင် ပါဝင်မည်

(GMT+08:00)2024-02-17 14:58:17  

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံ COMAC ကုမ္ပဏီမှ C919 လေယာဉ်တစ်စင်း သည် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ စင်ကာပူတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် စင်ကာပူ လေကြောင်းပြပွဲတွင် ပါဝင်မည်ဖြစ်ပါသည်။ ယင်းသည် တရုတ်ပြည်တွင်းထုတ် လေယာဉ်ကြီး၏ ပထမဆုံးအကြိမ် ပြည်ပတွင် ပြသခြင်း ဖြစ်သည်ဟု COMAC မှ ပြောကြားခဲ့ပါသည်။

အဆိုပါ လေကြောင်းပြပွဲတွင် တရုတ်ပြည်ထုတ် လေယာဉ် စုစုပေါင်း ၅ စင်း ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အနက် ၄ စင်း သည်  စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီးသား ဖြစ်ကြောင်း သက်ဆိုင်ရာ သတင်းအရ သိရှိရ သည်။