ဝမ်ယိသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinkenနှင့် တွေ့ဆုံ

(GMT+08:00)2024-02-17 10:14:55  

  ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် Munich လုံခြုံရေး အစည်းအဝေး တက်ရောက်စဉ်အတွင်း ဖိတ်ကြားချက်အရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinkenနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲသည် အပြုသဘောဆောင်ပြီး လက်တွေ့ကျကျ ပွင့်ပွင့်လင်းလင်းဖြစ်ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက မျက်မှောက်အချိန်တွင် နှစ်ဖက်တို့၏ အရေးအကြီးဆုံး တာဝန်သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ မဟာဗျူဟာ ဦးဆောင်မှုအတိုင်း San Francisco မျှော်မှန်းချက်ကို ဖော်ဆောင်ပေးပြီး နှစ်နိုင်ငံ ဆက်ဆံမှု ပုံမှန် တည်ငြိမ် ပြီး  ဆက်တိုက် တိုးတက်စေဖို့ တွန်းအားပေးရန် ဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပကတိကျကျ ဆင်ခြင် ရှုမြင်ကာ တက်ကြွပြီး လက်တွေ့ ကျသော တရုတ်နိုင်ငံဆိုင်ရာ မူဝါဒတွေကို ကျင့်သုံးသင့်ကြောင်း၊ ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိပြီး ထိုင်ဝမ်သည် တရုတ် ပိုက်နက်နယ်မြေ၏ အစိတ်အပိုင်း ဖြစ်ခြင်း သည် ထိုင်ဝမ်ရေးရာ စစ်မှန်သော အခြေအနေ ဖြစ်ကြောင်း၊ အမေရိကန်သည် အမှန်တကယ် ထိုင်ဝမ် ရေလက်ကြား တည်ငြိမ်စေလိုပါက တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲ ပြန်တမ်း သုံးရပ်ကို လိုက်နာပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို မထောက်ခံရန် ကတိပြုချက်ကို လက်တွေ့ကျကျ ဖော်ဆောင်ပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။

  နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်း အကျပ်အတည်း၊ ပါလက်စတိုင်းနှင့် အစ္စရေး အငြင်းပွားမှု၊ ကိုရီးယားကျွန်းဆွယ် အခြေအနေ စသည့် ဒေသဆိုင်ရာ ရေးရာများနှင့် ပတ်သက်ပြီးလည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။