အစ္စရေး စစ်တပ်သည် Khan Younisရှိ နာဆယ်လ် ဆေးရုံသို့ ဝင်ရောက်တိုက်ခိုက်၊ ဟာမတ်စ်က ၄င်းဆေးရုံတွင် ထိန်းသိမ်းခံရသော အစ္စရေးပြည်သူများမရှိဟု ပြောကြား

(GMT+08:00)2024-02-17 15:00:15  

အစ္စရေး နိုင်ငံတော် ကာကွယ်ရေး တပ်ဖွဲ့က ယခုလ ၁၅ရက်နေ့တွင် အစ္စရေး စစ်တပ်သည် ဂါဇာကမ်းမြောင်းဒေသ တောင်ပိုင်း Khan Younisမြို့ရှိ နာဆယ်လ် ဆေးရုံတွင် အတိုင်းအတာ ကြီးမားသော တိုက်ခိုက်မှု ဆောင်ရွက်ပြီး  ဟာမတ်စ်အဖွဲ့မှ လက်နက်ကိုင် သမားများကို ဖမ်းဆီးခဲ့ရကြောင်း၊ ဟာမတ်စ်သည် နာဆယ်လ် ဆေးရုံတွင် အစ္စရေးပြည်သူ အချို့ကို ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ထိုနေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

သို့သော် ဟာမတ်စ်အဖွဲ့က ၄င်းဆေးရုံတွင် ထိန်းသိမ်းခံရသော အစ္စရေးပြည်သူများ မရှိကြောင်း ငြင်းဆိုပြောကြားခဲ့ပါသည်။