နွေဦးပွဲတော် အားလပ်ရက်အတွင်း ဟိုင်နန်ကျွန်းပတ် ခရီးသွားကားလမ်းတွင် ခရီးသည်များဖြင့် ပြည့်နေ

(GMT+08:00)2024-02-17 14:59:09  

      နဂါးနှစ် နွေဦးပွဲတော်သည် ဟိုင်နန်ကျွန်းပတ် ခရီးသွားကားလမ်းကိုတရားဝင် ဖွင့်လှစ်ပြီးနောက် ပထမဆုံးပွဲတော်ဖြစ်သည်။  လမ်းတစ်လျှောက်တွင် ရှုခင်းသာအမျိုးမျိုးသည် ခရီးသွားများကို ဆွဲဆောင်ခဲ့ပြီး "လမ်းပေါ်တွင်" နှစ်သစ်ကူးပွဲတော် နွှဲပျော်ခြင်းသည် ထူးခြားသော အတွေ့အကြုံကို ပေး နေသည်။ ယခု ရက်များအတွင်း ကျွန်းပတ် ခရီးသွားကားလမ်းများတွင် ယာဉ် သွားလာမှု အလွန်းများပြီး ခရီးသည်များဖြင့် ပြည့်နေ ကြောင်း သတင်းအရ သိရှိရသည်။