ရှီကျင့်ဖိန်သည် ဖင်လန် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသော Stubb အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-02-17 10:13:52  

   ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖင်လန် နိုင်ငံ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသော Stubb အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

   ယင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က ယခုနှစ်များတွင် တရုတ်နှင့် ဖင်လန် ဆက်ဆံမှုသည် ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံပြီး တိုးတက်မှုသစ်များ အဆက်မပြတ် ရရှိခဲ့ကြောင်း၊ မိမိသည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး သမ္မတ Stubb နှင့်အတူ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဆက်လက် တိုးမြှင့်သွားရန်၊ တိုင်ပင်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အနာဂတ်ကို ရှေးရှုသော နှစ်ဖက်အကြား အမျိုးအစားသစ် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို တိုးမြှင့်ရန်၊ တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းပြီး ကမ္ဘာ့ငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ရန် လက်တွဲကြိုးပမ်းလိုပါကြောင်း ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။