၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲ စတင်ကျင်းပ

(GMT+08:00)2024-02-17 10:16:57  

ဘေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပပြီးနောက် တရုတ်နိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော ပြည်လုံးဆိုင်ရာ အထွေထွေ ဆောင်းရာသီ အားကစားပြိုင်ပွဲအနေနှင့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟူလွင်ဘေလ်မြို့တွင် ဖွင့်လှစ် မည် ဖြစ်ပြီး လက်ရှိအချိန်တွင် အားကစားရုံနှင့် အားကစား ကွင်း အသီးသီး အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညက နောက်ဆုံးအကြိမ် အစမ်းလေ့ကျင့်မှုကို ပြလုပ် ခဲ့ပြီး ၁၇ ရက်နေ့ ညတွင် အတွင်းမွန်ဂိုး ရေခဲပေါ် အားကစား လေ့ကျင်မှု စင်တာ Speed Skating ရုံ၌ ကျင်းပမည်ဖြစ် ကြောင်း သိရှိရသည်။