"ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ" (Season 3)ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စတင် ထုတ်လွှင့်ပြသ

(GMT+08:00)2024-02-16 14:27:50  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် China Media Groupတို့ ပြုလုပ်ထားသော အကြီးစား မီဒီယာစုံ အတွေးအခေါ်နှင့် သီအိုရီဆိုင်ရာ အထူးရုပ်မြင်သံကြားအစီအစဉ် ဖြစ်သည့် "ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ" (Season 3)ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ China Media Group CCTV ၏ အထွေထွေ ချန်နယ်မှ ည ၈ နာရီ အချိန်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး China Media Group Mobile ၊ CCTV News Client ၊ CNTV စသည့် မီဒီယာများတွင်လည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

ရုပ်မြင်သံကြား  အထူးအစီအစဉ်ဖြစ်သည့် "ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင် စာသားများ"(Season 3) သည် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းနှင့် ဆောင်းပါးများတွင် အသုံးပြုထားသည့် ဂန္ထဝင် စာသားများကို ရွေးချယ် ကောက်နှုတ်ပြီး ဂန္ထဝင်စာသားများ၏ အနက်အဓိပ္ပာယ်များ၊ သမိုင်း အကြောင်းအရာများကို ရှင်းလင်းပုံဖော်ထားသည့် အခြေခံပေါ်တွင် ရှီကျင့်ဖိန်၏ အတွေးအခေါ်သစ်၊ အမြင်သစ်၊ သုံးသပ်ချက်အသစ်များကို အလေးပေး ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။