ဤနွေဦးပွဲတော်တွင် နေရာအမျိုးမျိုးမှ ၎င်းတို့၏ "ထူးခြားသောစွမ်းရည်" ကို ပြသကြ

(GMT+08:00)2024-02-16 14:33:33  

နွေဦးပွဲတော်အားလပ်ရက်အတွင်း ပြည်သူ များသည် နှစ်သစ်ကူးပွဲတော် ကို နွှဲပျော်ခဲ့ကြသည်။ ဘေကျင်းရှိ နှစ်သစ်ကူးဘုရားပွဲများတွင် ဘေကျင်းမြို့သူမြို့သားများ၏ ကြွေးကြော်သံများ၊ ဗုံသံများ၊ ပြက်လုံးများ၊ ပီကင်းအော်ပရာများနှင့် အခြားထူးခြားသည့် လှုပ်ရှားမှုများကို အလှည့်ကျ ဖျော်ဖြေပြီး ခရီးသွားများအား ဘေကျင်းယဉ်ကျေးမှုကို တွေ့ကြုံခံစားစေခဲ့ သည်။ ဟိုနန်ပြည်နယ် ကျင့်ကျိုး မြို့တွင် နှစ်သစ်ကူး လှည့်လည်ပွဲနှင့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် အတတ်ပညာများ ကဲ့သို့သော ထူးခြားသော ရိုးရာဓလေ့ထုံးစံ တင်ဆက်ပြသမှု မျိုးစုံကို နံနက်မှ ညအထိ ကျင်းပသည်။ ယူနန်ပြည်နယ် မီလယ်မြို့ရှိ ထိုက်ဖိန် ရေကန်၏ ကမ်းနားတွင်  ကျူးလစ်ပန်းပေါင်း ၁ သိန်းကျော် ပွင့်ကြပြီး ရွှေရောင်နဂါးများသည် ပန်းပင်လယ်ပြင်တွင် ကပြကြသည်။