ဖိလစ်ပိုင် သင်္ဘောသည် ဟွမ်ယန်ကျွန်းနှင့် အနီးတစ်ဝိုက် ပင်လယ်ပြင်သို့ တရားမဝင် ဝင်ရောက်လာ သောကြောင့် တရုတ် ပင်လယ် ရဲတပ်ဖွဲ့သည် ဥပဒေနှင့်အညီ နှင်ထုတ်

(GMT+08:00)2024-02-16 14:31:49  

တရုတ် ပင်လယ် ကြပ်မတ်ရေး ဉီးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကမ်းယူ က ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖိလစ်ပိုင် ငါးလုပ်ငန်းနှင့် ရေထွက်ကုန်အရင်းအမြစ် ဌာနမှ ရေယာဉ် အမှတ် ၃၀၀၅ သည် တရုတ်နိုင်ငံ ဟွမ်ယန်ကျွန်းနှင့် အနီးတစ်ဝိုက် ပင်လယ်ပြင်သို့ တရားမဝင် ဝင်ရောက် လာခဲ့ကြောင်း၊ တရုတ် ပင်လယ်ရဲတပ်ဖွဲ့သည် သတိပေးချက် အကြိမ်ကြိမ် ပြုခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိသည့်အတွက် ဖိလစ်ပိုင်သင်္ဘော၏ သင်္ဘော လမ်း ကြောင်း ကို ထိန်းချုပ်ပြီး နှင်ထုတ်ကာ ဆောင်ရွက်မှုများသည် ပရော်ဖယ်ရှင်ကျပြီး စံကိုက်ပါကြောင်း၊ တရုတ်နိုင်ငံသည် ဟွမ်ယန်ကျွန်း နှင့် အနီးတစ်ဝိုက် ပင်လယ်ပြင်အပေါ် မငြင်းသာသော အချုပ်အခြာအာဏာပိုင်မှု ရှိကြောင်း၊ တရုတ် ပင်လယ် ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံ၏ ရေပိုင်နက်အတွင်း ဥပဒေနှင့်အညီ အခွင့်အရေး ကာ ကွယ် ရေးနှင့် ဥပဒေ စိုးမိုးရေးများကို တစိုက်မတ်မတ် လုပ်ဆောင်ကာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပင်လယ်ဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်ပေးနေကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါ သည်။