၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်လှစ်တော့မည်

(GMT+08:00)2024-02-16 14:28:38  

   ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟူလွင်ဘေလ်မြို့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ လက်ရှိအချိန်တွင် အားကစားရုံနှင့် အားကစား ကွင်း အသီးသီး အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး စေတနာ့ ဝန်ထမ်းများ သည် လည်း ပြိုင်ပွဲ ကျင်းပရာ နေရာ အသီးသီးသို့ ရောက်ရှိပြီ ဖြစ်ပါသည်။ အားကစားပြိုင်ပွဲ စည်းရုံးရေး ကော်မတီမှ တာဝန်ရှိသူက တရုတ် တစ်ပြည်လုံးမှ အားကစား ကိုယ်စားလှယ်အဖွဲ့ ၃၅ ဖွဲ့မှ အားကစား မောင်မယ် ၃၀၀၀ ကျော်တို့သည် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဟု ပြောကြားခဲ့ပါသည်။