ဟာဘင်း ဆီးနှင်းရေခဲကမ္ဘာ ဥယျာဉ် ပိတ်သိမ်း၊ လာမည့်နှစ် ဆီးနှင်းရေခဲရာသီတွင် ပြန်တွေ့ကြရအောင်

(GMT+08:00)2024-02-16 14:35:05  

   ဟာဘင်းမြို့မှာ အပူချိန် ပြန်တက်လာခြင်းနှင့် လေပြင်းတိုက်မှုကြောင့် ယခုနှစ် ဆောင်းတွင်းတွင် အလွန် ရေပန်းစားနေသည့် ဟာဘင်းမြို့ရှိ ဆီးနှင်းရေခဲကမ္ဘာ ဥယျာဉ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပိတ်ခဲ့ပါသည်။ အပူချိန် တက်လာခြင်းနှင့် လေပြင်း တိုက်ခြင်းကြောင့် ဥယျာဉ်ထဲရှိ ရေခဲပန်းပုများ စတင် အရည်ပျော်ခဲ့သဖြင့် ဥယျာဉ်ရှိ ဝန်ထမ်းများသည် ရေခဲပန်းပုများကို စတင် သိမ်းဆည်း နေပါသည်။ လာမည့်နှစ် ဆီးနှင်းရေခဲရာသီတွင် ဟာဘင်း ဆီးနှင်းရေခဲကမ္ဘာ ဥယျာဉ်၌ ပြန်တွေ့ကြရအောင်။