ရှီကျင့်ဖိန်ရေးသားသည့်"ပြည်သူ့ကွန်ဂရက် စနစ်ကို စွဲကိုင်ပြီး ပိုမို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ကာ ပြည်သူများ မိမိဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းကို အာမခံပေးရမည်" ဆောင်းပါးကို "ချိုရှိ" မဂ္ဂဇင်းတွင် ဖော်ပြ

(GMT+08:00)2024-02-16 14:31:08  

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ်  "ချိုရှိ" မဂ္ဂဇင်းတွင်  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ရေးသားသည့် "ပြည်သူ့ကွန်ဂရက် စနစ်ကို စွဲကိုင်ပြီး ပိုမို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ကာ ပြည်သူများ မိမိဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းကို အာမခံပေးရမည်" ဆိုသည့် ဆောင်းပါးကို ဖော်ပြ ခဲ့သည်။

   ယင်းဆောင်းပါးတွင် ပြည်သူ့ကွန်ဂရက် စနစ်သည် ပါတီ၏ဦးဆောင်မှု၊ ပြည်သူများ မိမိ၏ဆန္ဒနှင့်အညီ ဆောင်ရွက်မှုနှင့် ဥပဒေနှင့်အညီ နိုင်ငံတော် စီမံခန့်ခွဲမှုများကို ပေါင်းစည်းထားသည့် အရင်းခံ နိုင်ငံရေးစနစ် ဖြစ်ပြီး ပါတီက ပြည်သူများကို ဦးဆောင်ပြီး နိုင်ငံတော်ကို ဥပဒေနှင့်အညီ အကျိုးသက်ရောက်မှုရှိစွာ စီမံခန့်ခွဲခြင်းကို အာမခံ ပေးနေပါကြောင်း၊ ပြည်သူ့ကွန်ဂရက်စနစ်သည် တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့်၊ ဆိုရှယ်လစ်နိုင်ငံ အဖြစ်ကို ပေါ်လွင်စေသည့်၊ ပြည်သူများ မိမိ၏ဆန္ဒနှင့်အညီ ဆောင်ရွက်ရေးကို အာမခံပေးသည့်၊ တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေး ဖော်ဆောင်မှုကို အာမခံပေးနိုင်သည့် စနစ်ကောင်း ဖြစ်သည်ဟု လက်တွေ့ ဖြစ်ရပ်များက သက်သေပြထားခဲ့ပြီ ဖြစ်ကြောင်း၊ ပြည်သူများ မိမိ၏ဆန္ဒနှင့်အညီ ဆောင်ရွက်ရေးစနစ် အာမခံပေးရေးကို အားဖြည့်ရမည် ဖြစ်ကြောင်း ရေးသားထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။