အမေရိကန်၏ အဆိုးမြင်မှုသည် ဂါဇာဒေသအတွက် ငြိမ်းချမ်းရေးရလဒ် မဖြစ်ပေါ်စေဟု တူရကီသမ္မတဆို

(GMT+08:00)2024-02-16 14:36:51  

ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က ဂါဇာဒေသ တောင်ပိုင်းကို အစ္စရေးမှ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တူရကီသမ္မတ Erdogan က အမေရိကန်၏ အဆိုးမြင်သဘောထားကြောင့် ဂါဇာဒေသတွင် ငြိမ်းချမ်းရေး ဆိုင်ရာ တောင်းဆိုမှု တွေက ကံမကောင်းစွာနဲ့ပဲ  ရလဒ်များ မထွက်ရှိသေး ကြောင်း ပြောကြားခဲ့သည်။

 ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပါလက်စတိုင်း-အစ္စရေး စေ့စပ်ဆွေးနွေးပွဲအသစ်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ကျင်းပခဲ့သည်။ အီဂျစ်၊ အမေရိကန်၊ ကာတာနှင့် အစ္စရေးတို့သည် အပစ်အခတ် ရပ်စဲရေးနှင့်ထိန်းသိမ်းခံထားရသူများ လဲလှယ်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။