နေတိုး ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ကျင်းပပြီးစီးပြီ ဖြစ်ပြီး အမေရိကန်-ဥရောပ အကြား ကွဲလွဲမှုများကို ပြသ

(GMT+08:00)2024-02-16 14:36:19  

နေတိုးအဖွဲ့ဝင်နိုင်ငံများ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဘရပ်ဆဲ၌ ကျင်းပပြီးစီးခဲ့သည်။ အမေရိကန် ၏ ယူကရိန်းအား ထောက်ပံ့ရေး ဥပဒေကြမ်း အတည်ပြုရန် အတားအဆီးများ တွေ့ရှိခြင်းနှင့် အမေရိကန် သမ္မတဟောင်း ထရန့်က နေတိုးအဖွဲ့၏ တည်ရှိရေး တန်ဖိုးကို အကြိမ်ကြိမ် မေးခွန်း ထုတ်ခဲ့ခြင်း နောက်ခံ အကြောင်းနှင့် ယခုအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်ပြီး  ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ကာကွယ်ရေး အသုံးစရိတ် စသော နယ်ပယ်များတွင် အမေရိကန်နှင့် ဥရောပ အကြား ကွဲလွဲမှုများကို ပြသခဲ့  သည်။

အစည်းအဝေးအပြီး ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် နေတိုး အတွင်းရေးမှူးချုပ် Stoltenberg က နေတိုး အဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများသည် မောင်းသူမဲ့လေယာဉ် မဟာမိတ်အဖွဲ့နှင့် မိုင်းရှင်းလင်းရေး မဟာမိတ်အဖွဲ့ ထူထောင်ပြီး ယူကရိန်းအား ထောက်ပံ့ကူညီရန် သဘောတူညီခဲ့ကြကြောင်း၊ သို့သော် အမေရိကန် ၏ ယူကရိန်းအား ထောက်ပံ့ရေးဥပဒေကြမ်း အတည်ပြုရန် အမေရိကန် အောက်လွှတ်တော်၌ ကြီးမားသော အတားအဆီးများ တွေ့ရှိခြင်းကြောင့် လက်ရှိအချိန်တွင် ယူကရိန်းနိုင်ငံအား စစ်ရေးထောက်ပံ့မှုကို ထိခိုက်စေ ပြီး ကနေဒါနှင့် ဥရောပ မဟာမိတ်များ၏ ပံ့ပိုးကူညီမှု တိုးမြှင့်ခြင်းဖြင့်သာ ဖြည့်ဆည်းနိုင်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ဥရောပနိုင်ငံများက ကတိပေးထားခဲ့သည့်အတိုင်း ယူကရိန်းအား ထောက်ပံပေးနိုင်မလား ဆိုသော မေးခွန်းလည်း အဖြေ မသေချာသေးကြောင်း၊ ပြီးခဲ့သည့်နှစ်က နေတိုးအဖွဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေး ဘတ်ဂျက် အသုံးစရိတ်သည် ၁၁ ရာခိုင်နှုန်း တိုးများလာသော်လည်း ဥရောပသမဂ္ဂ ဘတ်ဂျက် စည်းမျဉ်းအသစ်ကို အကောင်အထည် ဖော်ဆောင်လာပြီးနောက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ပြည်တွင်း ကုန်ထုတ်လုပ်မှု စုစုပေါင်းပမာဏ၏ ၃ ရာခိုင်နှုန်း ထက် မပိုစေရန် သတ်မှတ်ထားပြီး  မဟုတ်ပါက အသုံးစရိတ် လျှော့ချရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြင့် နေတိုးအဖွဲ့ ဥရောပ အဖွဲ့ဝင်နိုင်ငံများသည် ဦးနင်းပဲ့ထောင်ပဲ့ နင်းဦးထောင် ဖြစ်စေနေကြောင်း သတင်းအရ သိရပါသည်။