လျန်မြန်သောမဲရေတွက်မှုရလဒ်အရ Prabowo Subianto နှင့် Gibran Rakabuming Raka တို့သည် အင်ဒိုနီးရှားနိုင်ငံသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိ

(GMT+08:00)2024-02-15 14:39:28  

အင်ဒိုနီးရှားနိုင်ငံသမ္မတရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၄ရက်နေ့က ကျင်းပခဲ့ ပါသည်။ ပြည်သူ့ဆန္ဒကောက်ယူမှုဆိုင်ရာအဖွဲ့အစည်းများ၏ လျန်မြန်သောမဲရေတွက်မှု ရလဒ်အရ လက်ရှိကာကွယ်ရေးဝန်ကြီး Prabowo Subianto နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ၏ သားကြီး၊ လက်ရှိ Surakarta မြို့ မြို့တော်ဝန် Gibran Rakabuming Raka တို့သည် သမ္မတနှင့် ဒုတိယသမ္မတ အဖြစ်  အနိုင်ရရှိခဲ့ကြသည်ဟု သတင်းအရ သိရ ပါသည်။။

    ယခုအကြိမ် သမ္မတ ရွေးကောက်ပွဲ၏ တရားဝင်ရလဒ်ကို မတ်လ ၂၀ရက်နေ့ မတိုင်မီ တွင် ထုတ်ပြန်မည် ဖြစ်ပါသည်။ သမ္မတသစ်သည် အောက်တိုဘာလ ၂၀ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ Nusantara မြို့တော်သစ်တွင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျင်းပမည် ဖြစ် ပါသည်။