ဟောင်ကောင်၏ လမ်းပေါ်တွင် "ရိုမန်တစ်"ဆန်သော ဧရာမ နှလုံးပုံစံ ပြသထား

(GMT+08:00)2024-02-15 14:37:51  

    ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အချင်း၁၂ မီတာ ရှိသော ဧရာမ အနီရောင် နှလုံးပုံစံသည် ဟောင်ကောင် Statue Square ဥယျာဉ်တွင် ပြသထားပြီး ချစ်သူများနေ့အတွက် ရိုမန်တစ် အရိပ်အယောင်ကို တိုးပွားစေခဲ့ပါသည်။ ယင်းဧရာမအနီရောင်နှလုံးပုံသည် နာမည်ကျော် ဒီဇိုင်နာ Anya Hindmarch မှ ဖန်တီးထားသည့် "Chubby Hearts Hong Kong" ဒီဇိုင်း ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဟောင်ကောင်တွင် ပြသထားမည် ဖြစ်သည်ဟု သတင်းအရသိရပါသည်။