အမေရိကန်နိုင်ငံ ကန်ဆတ်မြို့တွင် ကျင်းပသည့် စူပါဖလား ဘောလုံးအောင်ပွဲတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံး

(GMT+08:00)2024-02-15 11:20:43  

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ် ကန်ဆတ်မြို့၌ ကျင်းပသည့် American Professional Football League ၏ စူပါဖလား ဘောလုံး (Super Bowl) အောင်ပွဲ အခမ်းအနားတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ တစ်ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကန်ဆတ်မြို့ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ သည်။

ချီကာဂိုမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက ဒေသခံရဲဌာနကို ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းပစ်ခတ်မှုတွင် တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။