ဝမ်ယိ သည် အကြိမ် ၆၀ မြောက် Munich လုံခြုံရေးကွန်ဖရင့်သို့ တက်ရောက်မည့်အပြင် စပိန်နှင့် ပြင်သစ် နိုင်ငံသို့လည်း သွားရောက် လည်ပတ်မည်

(GMT+08:00)2024-02-15 17:20:24  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က Munich လုံခြုံရေးကွန်ဖရင့် (Munich Security Conference) ဥက္ကဋ္ဌ Christoph Heusgen ၊ စပိန်နိုင်ငံခြားရေးဝန်ကြီး Jose Manuel Albares Bueno နှင့် ပြင်သစ်နိုင်ငံသမ္မတ၏ သံတမန်ရေးရာအကြံပေးပုဂ္ဂိုလ် Emmanuel Bonne ၏ ဖိတ်ကြားချက်အရ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ ၂၁ရက်နေ့အထိ အကြိမ် ၆၀ မြောက် Munich လုံခြုံရေး ကွန်ဖရင့်သို့ တက်ရောက်ပြီး “တရုတ်အထူးပွဲ”တွင် မိန့်ခွန်းပြောကြားကာ အစည်းအဝေး၏ ဆောင်ပုဒ်ကို ပေါင်းစပ်၍ အရေးကြီးသော နိုင်ငံတကာပြဿနာများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြမည့်အပြင် စပိန်နှင့် ပြင်သစ်နှစ်နိုင်ငံ သို့လည်း သွားရောက်လည်ပတ်ပြီး ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် တရုတ်-ပြင်သစ် မဟာဗျူဟာမြောက်ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် Munich လုံခြုံရေးကွန်ဖရင့်သို့ တက်ရောက်ပြီး လူသားတို့ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေး၊ တန်းတူရည်တူ ဖြစ်ပြီး စနစ်တကျဖြစ်သော ကမ္ဘာ့အာဏာဘက်ပေါင်းစုံတည်ရှိရေး အဆိုပြုချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အဆိုပြုချက်များကို ရှင်းလင်းဖော်ပြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ၄င်းက စပိန်နိုင်ငံသည် အရေးကြီးသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သကဲ့သို့ တရုတ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံလည်း ဖြစ် ကြောင်း၊ ယခုအကြိမ်ခရီးစဉ်ဖြင့် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် သဘော တူညီမှုများကို တစ်ဆင့်တက် အကောင်အထည်ဖော်ပြီး အပြန်အလှန်ယုံကြည်မှုများကို ပိုမိုခိုင်မြဲ လာစေကာ ချစ်ကြည်ရေး တိုးပွား၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ပြုလုပ်ပြီး တရုတ်-စပိန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် အနှစ်သာရသစ်ကို ထည့်သွင်းပေးရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်-ပြင်သစ်နှစ်နိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသကဲ့သို့ လွတ်လပ်သောနိုင်ငံကြီများ လည်း ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ဆက်သွယ်မှုကို တစ်ဆင့်တက်နက်ရှိုင်းစေပြီး အပြန်အလှန်နိုင်ငံရေးယုံကြည်မှုများကို ပိုမိုခိုင်မြဲ လာစေကာ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုများကို တိုးချဲ့ဆောင်ရွက်ရန်၊ နိုင်ငံစုံပြဿနာများတွင် ညှိနှိုင်းဆောင်ရွက်မှု များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး တရုတ်-ဥရောပဆက်ဆံရေး ခြေလှမ်း မှန်မှန်ဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတူတကွဦးဆောင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုစွမ်းဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။