ဘယ်လ်ဂျီယံနိုင်ငံ Bincheပွဲတော်ကြီး၏ နောက်ဆုံးနေ့သို့ ရောက်ရှိ

(GMT+08:00)2024-02-15 15:04:56  

    ဖေဖော်ဝါရီလ ၁၃ရက်နေ့သည် ၂၀၂၄ခုနှစ် ဘယ်လ်ဂျီယံနိုင်ငံ Bincheပွဲတော်ကြီး၏ နောက်ဆုံးနေ့ဖြစ်ပြီး ပွဲတော်၏ အစည်ကားဆုံးအချိန်လည်း ဖြစ်ပါသည်။ Bincheဒေသခံ မြို့သူမြို့သားများသည် “လူမိုက်”၊ “သင်္ဘောသား”၊ “လယ်သမား” နှင့် “လူရွှင်တော်” စသည့် ပုံစံအဖြစ် ဝတ်ဆင်ကြပြီး ခရီးသည်များနှင့်အတူ ပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ “လူမိုက်” ဝတ်စားဆင်ယင်မှုသည် မင်္ဂလာရှိမှုနှင့် ပျော်ရွှင်မှုကို ကိုယ်စားပြုပြီး Binche ပွဲတော်ကြီး၏ အထင်ရှားဆုံးပုံစံလည်း ဖြစ်ပါသည်။