နိုင်ငံများစွာမှ ခရီးသွားအရာရှိများနှင့် ခရီးသွားလုပ်ငန်းရှင်များသည် တရုတ်ခရီးသည်များ အား ကြိုဆို

(GMT+08:00)2024-02-15 14:38:29  

နဂါးနှစ်နွေဦးပွဲတော်အတွင်း တရုတ်နိုင်ငံ၏ ပြင်ပခရီးသွားဈေးကွက်သည် အာရုံစိုက်မှု များစွာရရှိပြီး နိုင်ငံများစွာမှ ခရီးသွားအရာရှိများနှင့် ခရီးသွားလုပ်ငန်းရှင်များက ပျော်ရွှင်စွာ နှစ်သစ်ကူးပါစေ၊ တရုတ်ခရီးသည်များအား  ကြိုဆိုပါကြောင်း အသီးသီး ဖော်ပြခဲ့ကြ ပါသည်။

တရုတ်နိုင်ငံ၏ ပြည်ပခရီးသွားဆိုင်ရာ ဖွံ့ဖြိုးရေးအစီရင်ခံစာအရ တရုတ်နိုင်ငံသားများ ပြည်ပသို့ ခရီးသွားရန် ဆန္ဒ ပိုမိုပြင်းလာပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းပြန်လည်ဦးမော့ လာမှုအရှိန်သည် သိသာစွာ လျင်မြန်လာကာ ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ ခရီးသွား ဦးရေသည်  သန်း ၁၃၀ အထိ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းသည်ဟု သတင်းအရ သိရပါသည်။