ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် တရုတ်နိုင်ငံတစ်ဝှမ်း မီးရထားများဖြင့် ခရီးသည် ၁၄.၂၄၅ သန်းကို သယ်ယူပို့ဆောင်ခဲ့

(GMT+08:00)2024-02-15 14:42:47  

ဖေဖော်ဝါရီလ ၁၅ရက်နေ့သည် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ရုံးပိတ်ရက်များ၏ ဆဋ္ဌ မနေ့ ဖြစ်ပါသည်။ ရုံးပိတ်ရက်တွင် တရုတ်နိုင်ငံအနယ်နယ်အရပ်ရပ်၌ ခရီးသွားလာရန်၊ ဆွေမျိုးနှင့် မိတ်သင်္ဂဟများအား သွားရောက်တွေ့ဆုံရန်နှင့် အလုပ်လုပ်ကိုင်ရန် ခရီးသွားများ တိုးလာသဖြင့် ရထားပို့ဆောင်မှုလည်း ဆက်တိုက်မြင့်တက်လာပါသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း မီးရထားများဖြင့် ခရီးသည် ၁၄.၂၄၅ သန်းကို သယ်ယူပို့ဆောင်ခဲ့ပြီး နွေဦးပွဲတော်ရုံးပိတ်ရက်များတွင် တစ်နေ့ချင်း ခရီးသည် သယ်ယူ ပို့ဆောင်မှု စံချိန်သစ် တင်ခဲ့ပါသည်။
    ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း မီးရထားများဖြင့် ခရီးသည် ၁၅.၂ သန်း ကို သယ်ယူပို့ဆောင်မည်ဟု ခန့်မှန်းထားပါသည်။ ခရီးသည်တင်ရထား ၁၂၈၄စင်းကို တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။