အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးအား စွပ်စွဲပြစ်တင်ရန် ကန်အောက်လွှတ်တော်က စနစ်တကျဖြင့် ဖန်တီးပြုလုပ်ခဲ့

(GMT+08:00)2024-02-14 13:58:34  

အမေရိကန်အောက်လွှတ်တော်သည် အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas အား စွပ်စွဲပြစ်တင်မှုကို ဖေဖော်ဝါရီလ ၁၃ရက်နေ့က စနစ်တကျဖြင့် ဖန်တီးပြုလုပ်ခဲ့ပါသည်။ Alejandro Mayorkas သည် ဂျိုး ဘိုင်ဒန် အစိုးရအဖွဲ့တွင် အမေရိကန်နိုင်ငံ၏ နယ်စပ်ရေးရာ လုံခြုံရေးကို တာဝန်ယူသည့် အဆင့်အမြင့်ဆုံးသော အရာရှိ တစ်ဦး ဖြစ်ပါသည်။ အမေရိကန် ရီပတ်ဘလစ်ကန်ပါတီအမတ်များက Alejandro Mayorkas အား လူဝင်မှုကြီးကြပ်ရေး ပြဿနာနှင့်ပတ်သက်၍ ဥပဒေကို မလိုက်နာရန် တမင်တကာ ဖန်တီးပြီး စနစ်တကျ ငြင်းပယ် လိုက်သဖြင့် အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသတွင် လူဝင်မှုကြီးကြပ်ရေး ထိန်းချုပ်ရန် ပျက်ကွက်မှု ရှိခဲ့သောကြောင့် အပြစ်တင်ရှုတ်ချမှု ခံခဲ့ရပါသည်။