ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin သည် လွတ်ငြိမ်းချမ်းသာခွင့် ရမည်

(GMT+08:00)2024-02-14 13:57:11  

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး Thawi က ထောင်ဒဏ်ကျခံနေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့ပါသည်။

ထိုနေ့တွင် ဝန်ကြီး Thawi က ဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးသို့ မတက်ရောက်မီ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် Thaksin ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အတည်ပြုရခြင်း၏ အကြောင်းရင်းမှာ ၆ လကျော် ကြာ ထောင်ကျခံနေရတဲ့ Thaksinသည် အသက် ၇၀ ကျော်ရှိပြီးဖြစ်ကာ ပြင်းထန်သော ရောဂါဝေဒနာလည်း  ခံစားနေရသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။