နွေဦးပွဲတော်အားလပ်ရက် ပထမ ၄ ရက်အတွင်း ဘေကျင်း၏ ဥယျာဉ်များတွင် ခရီးသည် စုစုပေါင်း ၅.၁၄၈၇ သန်း လာရောက်လည်ပတ်

(GMT+08:00)2024-02-14 14:00:18  

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဘေကျင်းမြို့ရှိ အပန်းဖြေ ဥယျာဉ်များ တွင် ခရီးသည် စုစုပေါင်း ၁.၅၂၉၆ သန်း လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ခုနှစ် အလားတူအချိန်ပိုင်းကထက် ၁၁၉.၄၅ ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း ဘေကျင်းမြို့ ဥယျာဉ်ပန်းခြံနှင့် စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။

စာရင်းကောက်ယူချက်အရ နွေဦးပွဲတော်အားလပ်ရက် ပထမ ၄ ရက်အတွင်း ဘေကျင်းမြို့ရှိ ဥယျာဉ်ပန်းခြံများတွင် ခရီးသည် စုစုပေါင်း ၅.၁၄၈၇ သန်း လာရောက် လည်ပတ်ခဲ့ပြီး ၂၀၂၃ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၉၈.၅၆ ရာခိုင်နှုန်း တိုးများလာခဲ့သည်။ တစ်မြို့လုံးရှိ ဥယျာဉ်ပန်းခြံများသည် စနစ်တကျဖြင့် ပုံမှန်  လည်ပတ် လျက်ရှိသည်ဟု သတင်းရရှိပါသည်။