နိုင်ငံတကာ အသိုင်းအဝိုင်းသည် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုယ်တွယ်ဖြေရှင်းရန် အပြုသဘောဆောင်သော အခြေအနေများကို ဖန်တီးပေးသင့်သည် ဟု တရုတ်ကိုယ်စားလှယ် ပြော ကြား

(GMT+08:00)2024-02-14 13:58:00  

ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ယူကရိန်း ပြဿနာရေးရာ တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း က နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ငြိမ်းချမ်းရေးစေ့စပ် ဆွေးနွေးပွဲ ပြုလုပ်ရန် တွန်းအားပေးပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ကိုယ်တွယ်ဖြေရှင်းရန် အပြုသဘောဆောင်သော အခြေအနေများကို ဖန်တီးပေးသင့်ကြောင်း၊ နိုင်ငံအချို့သည် မီးလောင်ရာလေပင့်မှုကို ချက်ချင်းရပ်စဲပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ သံတမန်ရေး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ဖျက်ဆီးမှုများ ကို ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့ပါသည်။
    ကျန်းကျွင်း က တရုတ်နိုင်ငံသည် နိုင်ငံတကာငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် ခိုင်မာသောအင်အား ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဘက် နှင့် တရားမျှတမှုဘက်တွင် အမြဲတမ်းရပ်တည်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုယ်တွယ် ဖြေရှင်းရေးအပါအဝင် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရေး၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကာကွယ်ထိန်းသိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ ပါသည်။