ပင်လယ်ရပ်ခြား၌ အေးခဲနေသည့် ရုရှားပိုင်ဆိုင်မှုများကို အနောက်နိုင်ငံများသိမ်းယူခြင်း သည် တရားမဝင်ကြောင်း ရုရှားသမ္မတ၏ သတင်းရေးရာ အတွင်းရေးမှူး ဆို

(GMT+08:00)2024-02-14 13:55:25  

 ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရုရှားနိုင်ငံသမ္မတ၏ သတင်းရေးရာ အတွင်းရေးမှူး Peskov က အနောက်နိုင်ငံများအနေနှင့် ပင်လယ်ရပ်ခြား၌ အေးခဲနေသည့် ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူရန် စိတ်ပိုင်းဖြတ်လျှင် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေ နိုင်ဖွယ်ရာရှိ ကြောင်း သတိပေးပြောကြားခဲ့ပါသည်။

Peskov က အေးခဲနေသည့် ရုရှားပိုင်ဆိုင်မှုများကို အနောက်နိုင်ငံများမှ သိမ်းယူ ကြခြင်းသည် တရားမဝင်ကြောင်း၊ အကယ်၍ နောက်ဆုံးတွင် ယင်းကဲ့သို့ဖြစ်လာလျှင်၊  ရုရှားနိုင်ငံသည် ဥပဒေအရ သက်ဆိုင်ရာဘက်များအား တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။